Saturday 2 March 2013

နွေရာသီ ကျောင်းပိတ်ရက်နှင့် ကုသိုလ် အလုပ်များ

တရားရှာ ကိုယ်မှာတွေ့..ဆိုသည်အတိုင်း ကိုရင် ငယ်လေးများ ငယ်ပင် ငယ်ငြားသော်လည်း။ မြတ်ဘုရား ချမှတ်ခဲ့သော နည်းများကို ရယူကာ အမြတ်တရားကို လုံးလ ဝိရီယ အပြည့်နှင့် ကြိုးစား အားထုတ် နေကြသည်မှာ-လွန်စွာမှ အားရ အတုယူစရာ ကောင်းလှပေ၏။ တရား၏ တန်ဖိုး တရား၏ တန်ခိုး တရား၏ ဂုဏ်ကျေးဇူးကို အထူး အောင့်မေ့ကာ- ကြိုးစားအားထုတ်နေကြသော ထို ကိုရင်ငယ် သာမဏေငယ်လေးတို့၏ စိတ်အစဉ်ကို မှန်ဆ၍ ကြည့်လိုက်လျင် ကြည်လင် တောက်ပ နေမည်ဆိုသာ မလွဲ ဧကန်သာ ဖြစ်ချေတော့မည်။

သို့အတွက်ကြောင့် လယ်တီ ဆရာတော်ကြီးက မိန့်တော်မူခဲ့သည်မှာ=
*************************************
တစ်နေ့ကွယ်၊ သေနယ်သို့၊တစ်ခါကူး၊ နေကွယ်တာ များလျင်ဖြင့်၊ သေနယ်ရွာ တစ်ခါ သွားရလိမ့်၊ တားမရဘူး။  ဆိုသည်ကို လက်ကိုင်း ထားသည့် အလား။ မိမိတို့သည် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ..ဧကန်မုချ သေပွဲ ဝင်ကြ ရပါမည်။ မသေခင် သေပေါက်ဝ မရောက်ခင် အချိန်လေးများကို တန်ဖိုးရှိစွာ။ တန်ဖို တက်အောင် မိမိတို့ကိုယ်တိုင်ပင် ရူမှတ် အားထုတ် ပွားများရပါမည်။

ယခုလည်း ထို ကိုရင်ငယ် သာမဏေငယ်များကို အတုယူခါ ကျောင်းသားဆိုပါလျှင် နွေရာသီကျောင်းပိတ်ရက်ကလေးများ အားလတ်သည့် အချိန်ကောင်းလေးများကို အသုံးပြုသည် အနေဖြင့် တရားစခန်း ဖွင့်ရာ ဓမ္မရိပ်သာများသို့ လည်းကောင်း။ သို့တည်းမဟုတ်=ဓမ္မစကူးလ် သင်တန်းကျောင်းသို့လည်းကောင်း။ သို့မဟုတ်- ဗုဒ္ဒဘာသာ ယဉ်ကျေးမူ သင်တန်းများကို လည်းကောင်း အထူးဂရုစိုက် သင်ကြား နာယူ မှတ်သား ပွားများနိုင်ဖို့ရန် ခရီးဆက်သင့်ပါ၏ ။

သို့မှသာ..အနာဂတ်အရေး တော်ချေမည်။ တော်ချေမည်ဆိုသည်မှာ..ယနေ့လူငယ် နောင်ဝယ် လူကြီး ဆိုသည့်အတိုင်း မိမိတို့သည် တစ်နေ့ လူငယ်ကနေပြီး လူကြီးများ ဧကန်မုချ ဖြစ်လာကြတော့မည်။ ထို ဖြစ်လာသည့်အခါ မိမိကိုယ်တိုင် ဆည်းပူး လေ့လာ ပွားများ အားထုတ် ပြုလုပ်ထားသည့် အလေ့ကောင်း အကျင့်ကောင်းလေးများကို ကလေးများအား တဆင့် ပြည်လည် ပို့ချ ပြောပြ နိုင်ကြပေမည်။

ပြောပြနိုင်အောင် ထိုကိုရင်ငယ် သာမဏေများ ဥပမာ သင်ခန်းစား ယူကာ သင်တို့ ငါတို့သူတို့က ယခုကပင် နွေရာသီ ကျောင်းပိတ်ရက် (ကျောင်းသားများအတွက်) လူကြီးဆိုလျင်- ရုံးအလုပ်နားချိန် ကုမ္မဏီအလုပ် နားချိန်းလေးမှာ တနိုင်တပိုင် ကြိုးစား ဆည်းပူး အားထုတ်နိုင်ကြပါစေကြောင်း.........ဆန္ဒပြုလျှက်...

ဖြူစင်သော စေတနာ မေတ္တာများဖြင့်………….

နေသိုက်ဈာန်(လမူး)
2-3-2013

Thursday 28 February 2013

မြတ်စွာဘုရား၌ ကြည်ညိုခြင်း။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော
ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊
ထိုအခါ နန္ဒကမည်သော လိစ္ဆဝီအမတ်ကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိ...ခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော နန္ဒကမည်သော လိစ္ဆဝီအမတ်ကြီးအား
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

နန္ဒက - တရားလေးပါးတို့နှင့် ပြည့်စုံသော အရိယာတပည့်သည် . . ပျက်စီးကျရောက်ခြင်း သဘော မရှိသော, ကိန်းသေမြဲသော, အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏။ အဘယ်လေးပါးတို့နှင့်နည်း...

နန္ဒက - ဤသာသနာတော်၌ အရိယာတပည့်သည်

• ထိုမြတ်စွာဘုရားသည် ပူဇော် အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ' မည်တော်မူ၏။
နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာဒေဝမနုဿာနံ' မည်တော်မူ၏၊
သစ္စာလေးပါးတရားတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူ၏၊
ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူ၏'' ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊

• တရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊

• သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏၊

• မကျိုး မပေါက် မပြောက် မကျားကုန်သော တည်ကြည်မှု 'သမာဓိ' ကို
ဖြစ်စေတတ်ကုန်သော, အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့်
ပြည့်စုံ၏။

နန္ဒက - ဤတရားလေးပါးတို့ နှင့် ပြည့်စုံသော အရိယာတပည့်သည် ပျက်စီးကျရောက်ခြင်း သဘော မရှိသော, ကိန်းသေမြဲသော,
အထက် မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်ဖြစ်၏။

နန္ဒက - ထို့ပြင် ဤတရားလေးပါးတို့နှင့် ပြည့်စုံသော အရိယာတပည့်သည် . .
နတ်၌ဖြစ်သော အသက်နှင့် လည်းကောင်း၊ လူ၌ဖြစ်သော အသက်နှင့် လည်းကောင်း ယှဉ်၏။

နတ်၌ဖြစ်သော အဆင်းနှင့်လည်းကောင်း၊ လူ၌ဖြစ်သော အဆင်းနှင့် လည်းကောင်း ယှဉ်၏။

နတ်၌ဖြစ်သော ချမ်းသာနှင့် လည်းကောင်း၊ လူ၌ဖြစ်သော ချမ်းသာနှင့် လည်းကောင်း ယှဉ်၏။

နတ်၌ဖြစ်သော အခြံအရံနှင့် လည်းကောင်း၊ လူ၌ဖြစ်သော အခြံအရံနှင့် လည်းကောင်း ယှဉ်၏။

နတ်၏ အစိုးရခြင်းနှင့် လည်းကောင်း၊ လူ၏ အစိုးရခြင်းနှင့် လည်းကောင်း ယှဉ်၏။

နန္ဒက - ထိုစကားကို အခြားသော သမဏထံမှ လည်းကောင်း၊ အခြားသော ဗြာဟ္မဏထံမှ လည်းကောင်း ကြားရ၍ ငါ ပြောဆိုခြင်း မဟုတ်။ စင်စစ်မူကား ငါကိုယ်တိုင်သိသော ငါကိုယ်တိုင် မြင်သော ငါကိုယ်တိုင် ထင်သောအရာကိုသာလျှင် ငါ ပြောဆို၏ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူပြီးသော် ယောက်ျားတစ်ယောက်သည် လိစ္ဆဝီအမတ်ကြီး နန္ဒကအား ''အသျှင် - ရေချိုးချိန်ပါတည်း'' ဟု ပြောလေ၏။
အချင်း - ယခု ဤအပဖြစ်သော ရေချိုးခြင်းဖြင့် အကျိုးမရှိ၊
မြတ်စွာဘုရား၌ ကြည်ညိုခြင်းဟူသော အတွင်းဖြစ်သော ဤရေချိုးခြင်းသာ သင့်မြတ်သည် ဖြစ်လတ္တံ့ဟု ပြောဆိုလေ၏။

( နန္ဒကလိစ္ဆဝိသုတ်၊ သရဏာနိဝဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။ )

"ဒေါသကိုဖယ် မေတ္တာကြွယ်"

တစ်လုပ်စားဖူး သူ့ကျေးဇူး။
•••••••••••••••••••••••
ကျေးဇူးမသိ၊ လူတုံးတိ၊ များဘိဒုက္ခသာ၊
အရိပ်ခိုကိုး၊ သစ်ပင်မျိုး၊ မချိုးမခုတ်ရာ၊
အရိပ်ခိုကိုး၊ အခက်ချိုး၊ ပျက်ရိုးထိုသူသာ၊
တစ်လုပ်စားဖူး၊ သူ့ကျေးဇူး၊ ကျုးကာမဖျက်ရာ၊
... ကျေးဇူးသိက၊ အဝဝ၊ ချမ်းသာကြမည်သာ၊
ယခုမျက်မှောက်၊ ချမ်းသာရောက်၊ မြားမြောက်ပုံစံလာ။

( စစ်ကိုင်းရွှေဟင်္သာဆရာတော်ဘုရားကြီး )
ကြာဖူးကြာပွင့် ဝေပါစေ။
••••••••••••••••••••
စာထဲမှာ ဥပမာပေးထားတာ ရှိတယ်။
ပရိယတ္တိ လုပ်ငန်းဟာ ကန်ပေါင်ကြီး ဆည်ဖို့တာနဲ့ တူတယ်တဲ့။
ကန်ပေါင်ကြီး ရှိမှ ပဋိပတ္တိဆိုတဲ့ ကျင့်ဝတ်ရေတွေ တည်နိုင်မယ်တဲ့။
ရေတွေရှိမှလဲ ပဋိဝေဓ ဆိုတဲ့ ကြာဖူးကြာပွင့်တွေ ဝေမယ...်တဲ့။
ဒါကြောင့် ကန်ပေါင်ဆည်ပြီးရင် ကြာဖူးကြာပွင့်တွေ ဝေအောင်လဲ လုပ်ကြရလိမ့်အုံးမယ်။
မေ့မနေကြနဲ့ ...

( မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး )
မြို့ရွာထဲတွင် သူပုန်ဝင် အိမ့်ရှင်ကိုလည်း ရိုက်တတ်သည်။
အဖိုးတန်များ ချန်မထား လုသွားတတ်လေသည်။
နေအိမ်ကိုပါ မီးရှို့ကာ ပြောင်ခါသွားစေသည်။

... စိတ်အစဉ်တွင် ဒေါသဝင် အိမ့်ရှင်စိတ်ကို နှိပ်စက်သည်။
သူတော်ကောင်းဂုဏ် စွမ်းအားစုံ အကုန်ဖျက်ဆီးသည်။
စိတ်၏မှီရာ ရုပ်ခန္ဓာ နစ်နာပင်ပန်းသည်။

ဒေါသအမျက် လူကိုဖျက် အသက်ကိုပါ ဆုံးစေသည်။
ဒေါသဆုံးပုံ မကောင်းစုံ လွှမ်းခြုံကြည့်ရမည်။
ဒေါသကိုဖယ် မေတ္တာကြွယ် တကယ်အေးချမ်းသည်။

( တိပိဋကဓရယောဆရာတော်ဘုရားကြီး )

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်များ

အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။

... ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။
ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။

ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊

မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။

ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊

ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။

(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသောအရဟတ္တဖိုလ်ဥာဏ်သည် ဘယ်လိုအကြောင်း ကြောင့်မှ မပျက်စီးနိုင်တော့ပေ။

(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊

(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။

ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။ မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။

စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ။
>>>
http://buddhismbeams.blogspot.com/2013/02/blog-post_3047.html <<<

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M A ( ပန်းကမ္ဘာ )